အစိုးရနည်းပညာအထက်တန်းကျောင်း( မုံရွာ )ကို ၂၀၀၉ခုနှစ် ၊ မေလ ( ၅ )ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(မုံရွာ)သည် ပြည်ထောင်စုလမ်းမကြီးဘေး ၊ အားသစ်လမ်း နှင့် ဇမ္ဗူ့သပြေ လမ်းကြား ၊ မြို့သစ်ရပ်ကွက် ၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ လောင်ဂျီကျူ့ ၂၂ဒီဂရီ ၁၆၀၀၉၄၅မိနစ် နှင့် လတ္တီကျူ့ ၉၅ဒီဂရီ ၁၀၄၅၄၂၉ မိနစ် တွင် တည်ရှိပါသည်။ ကျောင်းမြေအကျယ်အဝန်းမှာ ဧရိယာအားဖြင့် (၁၄.၂၄၇) ဧက ကျယ်ဝန်းပါသည်။ တာဝန်ထမ်းဆောင်ခဲ့သောကျောင်းအုပ်ကြီးများမှာ-
စဉ် | အမည် | ပညာအရည်အချင်း | ရာထူး | တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ |
၁ | ဒေါ်မြင့်မြင့်စိန် | ME (Mechanical) | ကထိက | ( ၅.၅.၂၀၀၉ မှ ၅.၃.၂၀၁၂အထိ ) |
၂ | ဦးထွန်းမြိုင် | ME (Electrical Power) | ဒုတိယ -ညွှန်ကြားရေးမှူ | (၆.၃.၂၀၁၂ မှ ၂၈.၅.၂၀၁၈အထိ) |
၃ | ဦးသော်ဇင်မျိုး | ME(Mechanical) | ညွှန်ကြားရေးမှူ | (၃၀.၅.၂၀၁၈ မှ ၁၇.၉.၂၀၂၂) |
၄ | ဦးဗိုလ်ဗိုလ် | ME(Mechanical) | ညွှန်ကြားရေးမှူ | (၇.၉.၂၀၂၂ မှ ယနေ့ထိ) |